0

Gmail address တစ်ခုကို သိရုံနဲ့ သူဟာ ဘယ်နိုင်ငံကလဲဆိုတာသိဖို့ 

Posted by ဖြိုးဇာနည် on Tuesday, December 29, 2009 in
Gmail address တစ်ခုကို သိရုံနဲ့ သူဟာ ဘယ်နိုင်ငံကလဲဆိုတာ သိနိုင်ပါတယ်။ ပြီးတော့ သူ့ဆီကို Mail တစ်စောင်ပို့တဲ့အခါ သူဟာ အဲဒီ မေးလ်ကို ဖတ်လား မဖတ်လား ဆိုတာကိုလည်း သိနိုင်ပါတယ်။ Website နှစ်ခုကို အသုံးပြုပြီး လုပ်နိုင်ပါတယ်။ ပထမဆုံးတစ်ခုက Spypig ပါ။

Browser ကနေ New Windows တစ်ခုကို ဖွင့်လိုက်ပါ။

http://www.spypig.com/


ကိုသွားလိုက်ပါ။
နောက်


Windows တစ်ခု ထပ်ဖွင့်ပြီး ကိုယ့် Gmail ကိုဖွင့်ထားပါ။ Compose Mail ကိုနှိပ်ထားပါ။
Spypig ရဲ့ Step1 Text box မှာ ကိုယ့် email ကိုရိုက်ပါ။


Step2 မှာ Subject ထည့်ပါ။

Step3 မှာပေးထားတဲ့ ပုံတွေထဲက ကိုယ်ကြိုက်တာကို ရွေးပါ။

Step4 မှာ 3 ကိုရွေးပါ။
ပြီးရင် Click to Activate My Spypig ဆိုတဲ့ button လေးကို နှိပ်လိုက်ပါ။
အဲဒီအခါ အောက်မှာ စက္ကန့်တွေပါတဲ့ ပုံလေးတစ်ပုံ ပေါ်လာပါလိမ့်မယ်။

အဲဒီပုံလေးကို နှိပ်ဆွဲပြီး Gmail ရဲ့ Body ထဲမှာ လွှတ်ချလိုက်ပါ။
ပြီးရင် တခြားစာလေးဘာလေးစသည်ဖြင့် ရိုက်ထည့်ပြီး Send ကိုနှိပ်လိုက်ပါ။
ကိုယ်ပို့လိုက်တဲ့သူက ကိုယ့် Mail ကိုဖတ်လိုက်တဲ့အခါမှာ Spypig ဟာ Mail
ဖတ်ပြီးတဲ့အကြောင်း သတိပေးစာကို ကိုယ့် Gmail ဆီပြန်ပို့ပေးပါလိမ့်မယ်။
အဲဒီထဲမှာ ဖတ်တဲ့သူရဲ့ IP လည်း ပါပါတယ်။
ဒါဆို သူ့ရဲ့ IP သိသွားပါပြီ။ ဘယ်နိုင်ငံကလဲ ဆိုတာကိုတော့

http://www.ip2location.com/free.asp

ကိုဖွင့်ပြီး အစောက IP ကို ရိုက်ထည့်ပေးလိုက်ရင်သူဟာ ဘယ်နိုင်ငံကလည်းဆိုတာ ပေါ်လာပါလိမ့်မယ်။


ဖြိုးဇာနည့် Mr-Zarni့ပီအိတ်ဝိုင်အို ဇတ်အေအာအန်အိုင့် :P

Links to this post
1

ဇာနည်ထင်တဲ့ ချစ်မိပြီဆိုရင်

Posted by ဖြိုးဇာနည် on Monday, December 21, 2009 in
""""ယောက်ျားလေးချစ်သူဆိုတာ""""

(၁)မိုးသက်လေပြင်းကျချိန် ချစိသူ စိုမှာစိုးလို့  အကာအကွယ်ပေးပြီးလိုက်မိုးပေးသူ

(၂)သူ့ လက်ကို တွဲမိချိန် ကိုယ့်စီက ကြောက်ရွံ့ မှုတွေ အဝေးကို ပြေးစေသူ

(၃)ချမ်းအေးတဲ့  ဆောင်းမနက်မှာ ကိုယ့်ကို နွေးထွေးတဲ့ လက်တစ်စုံပေးသူ

(၄)ကိုယ့်စိတ်ပျက် အားငယ်လို့ မျကရည်ကျချိန် မှီစရာ ပုခုံးတစ်စုံ ငှားပေးသူ

(၅)ဂျုလီယာ ရောဘတ်ကို ကြိုက်ပေမယ့် ဒီကမ္ဘာမှာ အကောင်းဆုံး အလှဆုံးဟာကိုယ်
ပါလိုပြောသူ

(၆)ဂျက်ကီချန်းကားတွေကြိုက်ပေမယ့် လွမ်းဆွေးစရာ ကိုးရီးယားကားတွေကိုမပျင်းမရိဘဲ
ကိုယ်နဲ့ အတူ လိုက်ကြည့်တက်သူ

(၇)ကောင်းကင်က ကြယ်တွေကို ကိုယ့်နဲ့ အတူ စိတ်ရှည်လက်ရှည် လိုက်ရေတက်သူ

(၈)ကိုယ်မွေးနေ့ ကိုမှတ်မိပြီး လက်ဆောင်ပစ္စည်းဝယ်ဖို့ မေ့တက်သူ

(၉)သူ့ ရင်ဘတ်ကို ထုပြီး ကိုယ်ဒေါသထွက်ချိန် အနမ်းတစ်ပွင့်နဲ့  နှစ်သိမ့်တတ်သူ

(၁၀)မျိုကကျပေမယ့် ကိုယ်ချက်တာ အကောင်းဆုံးဆိုပြီး အားပါးတရ စားပြတတ်သူ

-------------------------------------------------------------

""""မိန်းကလေးချစ်သူဆိုတာ""""

(၁)ငြင်းခုံရန်ဖြစ်ချိန် ခေါင်းငုံ့ အရှုံးပေးချင်ပေမယ့် တင်းခံပြီးပြန်ငြင်းတတ်သူ

(၂)ချစ်သူရဲ့ ဂတိသစ္စာတွေကို နှလုံးပေါ်မှာ ထွင်းတားပေမယ့် ”ကျွန်မကို ချစ်မိတာ
နောင်တ မရဘူးလား” လို့  လိုက်မေးတက်သူ

(၃)လပ်းဖြတ်ကူတဲ့ အချိန် ချစ်သူရဲ့ ခြေလှမ်းအတိုင်း လိုက်လှမ်းချင်တဲ့ သူ

(၄)ချစ်သူရဲ့ရှေ့ မှာ မလှဆုံး၊ချစ်စရာ မကောင်းဆုံးဖြစ်မှာကို စိုးရိမ်တတ်သူ

(၅)လေပြင်းမုန်တိုင်းကျနေပါစေ ချစ်သူရဲ့လက်ကိုတင်းတင်းဆုတ်ကိုင်ပြီးကျော်ဖြတ်ရဲသူ

(၆)အချက်အပြုတ် မတတ်ဘဲ မီးဖိုတစ်ခုလုံးကို မွှေနှောက် ချစ်သူကို ကိုယ်တိုင်ချက်ကျွေး
ချင်တဲ့ သူ

(၇)ဗေဒင် လက္ခဏာတွေတွက် ယတြာတွေ လိုက်ချေပြီး ချစ်သူနဲ့  ပေါင်းဖက်ရအောင်လုပ်သူ

(၈)ချစ်သူကို တစ်နေ့ မမြင်ရင် နံရိုးတစ်ချောင်း လျော့နေတယ်လို့ ထင်သူ

(၉)ချစ်သူ မောပန်းတဲ့ အချိန်၊ စိတ်ညစ်တဲ့ အချိန်မှာ ရင်ခွင်ထဲ ထွေးပွေ့ပြီးနှစ်သိမ့် တက်သူ

(၁၀)ပျော်ရွှင်မှုတွေကို နွေးထွေးတဲ့  အနမ်းနဲ့ ချစ်သူကို မျှဝေးပေးတက်သလိုစိတ်ညစ်ဝမ်းနည်း
မှုတွေကို မျက်ရည်နဲ့ အတူချစ်သူ ကိုရင်ဖွင့်တက်သူ


--------------------------------------------------------------------

""""ဟုတ်တယ်…ဒါဆိုချစ်သွားပြီထင်တယ်""""


(၁)ဘယ်လောက်ပဲ အလုပ်ရှပ်နေပါစေ ကိုယ့်ဖုန်းကို ဖွင့်ထားပြီး သူ့ ဆီကမက်ဆေ့ဒါမှ
မဟုတ်ဖုန်းကိုစောင့်နေမိတယ်ဆိုရင် သူ့ ကို ကိုယ်ချစ်မိသွားလို့ ပဲ။



(၂)သူနဲ့ အတူ နှစ်ယောက်တည်း လမ်းလျှောက်ရတာကို နှစ်သက်တယ်ဆိုရင် သူ့ ကို
ကိုယ်ချစ်မိသွားလို့ ပဲ။



(၃)အတူရှိနေတဲ့ အချိန် သူ့ ကို ဂရုမစိုက်ချင် ဟန်ဆောင်နေပေမယ့် ကိုယ့်မြင်ကွင်းထဲ
ကနေ သူပျောက်သွားရင် အပူတပင် လိုက်ရှာတတ်တာ သူ့ ကိုကိုယ်ချစ်မိသွားလို့ ပဲ။

(၄)သူဖျားနာနေရင်၊ ထိခိုက်ဒဏ်ရာ ရလာရင် လိုတာထက် ပိုစိုးရိမ်မိရင် သူ့ ကိုကိုယ်
ချစ်မိ သွားလို့ ပဲ။

(၅)တစ်ခြားလူအပေါ် သူစေတနာပိုမိလို့  ကိုယ့် စိတ်ထဲ ကနေ မနာလို အူတိုမိရင်သူ့
့ ကို ကိုယ်ချစ်မိသွားလို့ ပဲ။

(၆)သူ့ ရဲ့ချိုမြမြ အပြုံးတွေကိုကြည့်ပြီး ကိုယ့်နှုတ်ခမ်းလေးတွေပါလိုက်တွန့်  တတ်ရင်
သူ့ ကို ကိုယ်ချစ်မိသွားလို့ ပဲ။

(၇)ဒီစာကို ဖတ်နေချိန်မှာ တစ်စုံတစ်ယောက်ကို ကိုယ်သတိရနေမိရင် သူ့ကိုကိုယ်ချစ်မိ
သွားလို့ ပဲ။


ဟဲဟဲ့သယ်ရင်းသူ့ကိုချစ်နေတယ်မလာ့း
အဟတ်ဟတ်
ဟုတ်တယ်ဟုတ်

့ဖြိုးဇာနည့်

Links to this post
0

သူထားသွားတဲ့အိမ်မက်

Posted by ဖြိုးဇာနည် on Tuesday, December 01, 2009 in
လောကကြီးကိုတစ်ယောက်ထဲဖြတ်သန်းကြည့်လိုက်တဲ့အခါပထမဆုံးခံစားလိုက်ရတာအထီးကျန်ခြင်းပဲ
အချိန်ကတော့ညနှစ်နာရီနဲ့ဆယ်မိနစ် ရေအရမ်းငတ်လာတယ့်အိမ်မက်ဆိုးမက်ပြီးအိပ်ယာကနိုးလာ
တယ်ဆိုပါတော့။ ခြောက်နေတဲ့အာခေါင်ကိုဆေးကြောဖို့အတွက်ရေဗူး ကိုလှမ်းယူလိုက်တယ် အိုးးးးးးးးး
ပေါ့ရွှတ်နေတဲ့ ရေဗူးတစ်ဗူး လက်ထဲပါလာတယ်။ သွားပြီပေါ့ တံတွေးတွေတောင်ခမ်းနေပြီ။လူကလဲစိတ်
ခြောက်ခြား လို့ကယောင်ကတမ်းနဲ့ပေါ့။စောင်တွေကန်ချပစ်ချင်ပေမဲ့ ကြောက်နေတယ်အိမ်မက်ထဲကသူ့
မျက်နှာကြီးကိုပေါ့သူဆိုတာအမြဲတမ်းပြုံးနေတတ်တဲ့ကောင်မလေးတစ်ယောက်ပေါ့ပြီးတော့
ကျွန်တော့်ကိုလဲပြုံးတတ်အောင်သူပဲသင်ပေးခဲ့တာလေ့ဟုတ်ပါတယ်သူဆိုတာကျွန်တော့်ကိုပြုံးအောင်
လုပ်နိုင်တဲ့တစ်ဦးတည်းသောမိန်းကလေးပါပဲ။အဲ့လိုပဲကျွန်တော့်ကိုငိုတတ်အောင်လဲသူပဲသင်ပေးခဲ့တယ့်
အခုကျွန်တော်ငိုနေရပြီလေ့အိမ်မက်ထဲမှာသူအပြင်မှာကျွန်တော့်ကိုထားခဲ့တဲ့အတိုင်းပဲ တစ်ပုံစံထဲ
နောက်တစ်ကြိမ်ထားသွားပြန်ပြီလေ့အပြုံးတွေနဲ့အမြဲတမ်းတွဲဖက်နေတဲ့သူ့မျက်နှာကလေးဟာအခု
တော့အံကြိတ်ပြီးနှုတ်ခမ်းကသွေးတွေစီးကျလာအောင်ကိုက်ထားတာဟာဘယ်လိုမှမလိုက်ဖက်ဘူးလို့အဲ့ဒီ
အချိန်လေးမှာကျွန်တော်တွေးဖြစ်အောင်တွေးလိုက်မိပါသေးတယ့်အဲ့လိုနဲ့ပဲကျွန်တော်အရုပ်ကြိုးပြတ်လဲ
ကျသွားခဲ့တယ့်သတိရလာတော့ကျွန်တော်ဆေးရုံမှာလေ့ရေငတ်လွန်းပြီးသတိရလာတယ်ထင်တာပဲ
ရေ့လို့တိုးတိုးလေးတစ်ခွန်းပြောလိုက်ရုံနဲ့ပဲ ကျွန်တော့်ကို ရေတစ်စက်ချင်းချပြီးတိုင်မဲ့သူတွေဝိုင်းအုံလို့
သယ်ရင်းတွေမိသားစုတွေနဲ့ အားရှိလိုက်တာ့တွေးမိလိုက်တာကတော့ “သူမရှိတော့ဘူးးးးးးးး” လိုပေါ့့။
အခုကျွန်တော်အိမ်မက်ဆိုးကြီးတစ်ခု သို့မဟုတ် အတိတ်ထဲကိုခဏပြန်ရောက်သွားတယ်ထင်ပါတယ့်
အခုထိကိုမြင်ယောင်နေသေးတယ့့်သူကျွန်တော့်ကိုအနိုင်ယူသွားပြန်ပြီလေ့သူကျွန်တော့်ကို
နောက်တစ်ကြိမ်ထားသွားပြန်ပြီလေ့အပြုံးတွေနဲ့အမြဲတမ်းတွဲဖက်နေတဲ့သူ့မျက်နှာကလေးဟာအခု
တော့အံကြိတ်ပြီးနှုတ်ခမ်းကသွေးတွေစီးကျလာအောင်ကိုက်ထားတာဟာဘယ်လိုမှမလိုက်ဖက်ဘူးလို့အဲ့ဒီ
အချိန်လေးမှာကျွန်တော်တွေးဖြစ်အောင်တွေးလိုက်မိပါသေးတယ့်အဲ့လိုနဲ့ပဲကျွန်တော် လန့်ပြီးနိုးလာတယ်
အိမ်မက်ကမ္ဘာထဲကနေလန့်နိုးလ်ာတဲ့အခါပထမဆုံးခံစားလိုက်ရတာအထီးကျန်ခြင်းပဲအချိန်ကတော့ညနှစ်နာရီ
နဲ့ဆယ်မိနစ် တိတိ ရေအရမ်းငတနေပေမဲ့ ရေမရှိတဲ့ ရေသန့်ဗူးခွံလေးကိုဖြစ်ညှစ်ဆုပ်ကိုင်ထားရင်းးးးနဲ့
မိုးလင်းဖို့ကိုကျွန်တော် မျှော်လင့်နေမိတယ့်

Links to this post
1

မှိုတတ်နေတဲ့ကျေးဇူးတင်လွှာ

Posted by ဖြိုးဇာနည် on Thursday, November 26, 2009 in
ကျွန်တော်ဒီလားရှိုးကိုပြန်ရောက်နေတာတော်တော်ကိုကြာပေါ့ ခဲရာခဲဆစ်အွန်လိုင်းပေါ်ကိုအမိအရတွယ်တတ်နေရပေမဲ့
အဆင်ကလေးကတစ်ချက်တောင်မပြေပါဘူ့း့ဘလော့ရေးဖို့မပြောနဲ့ကိုယ့်ဘလော့လေးကိုတောင်အနိုင်နိုင်လာလည်
နေရတဲ့ဘဝပါပေတကားးးးးးးအဟတ်ဟတ့့်ဖြစ်ရမယ်လေ့အဲ့လိုနဲ့ပဲကျွန်တော်လားရှိုးပြန်ရောက်နေတဲ့၃လနီးပါးမှာ
postလေးတစ်စောင်တောင်မတင်ဖြစ်ခဲ့ပါဘု့းကဲဒီနေ့တော့ဘာရမလဲအဟတ်ဟတ် ကျွန်တော်တို့ရဲ့သယ်ရင်းတစ်ယောက်
ဖြစ်တဲ့ shanmakalay.blogspot.com ကblogger မမတစ်ယောက်အကူအညီနဲ့ ကျွန်တော်ဘလော့ပြန်ရေးဖို့အကြောင်းပြန်
ဖန်လာပါတော့တယ်။လားရှိုးမြို့ထဲမှာရှိတဲ့bloggerတွေမှာကျွန်တော်သိတာဆိုလို့ shanmakalayတစ်ယောက်ထဲပဲရှိတာလေ
နောက်ထပ်ဘလော့ဂါတွေရှိကောင်းရှိနိုင်ပေမဲ့ ကျွန်တော်လဲမသိဘူ့း့ရှိချင်မှလဲရှိနေနိုင်မှာလေနော်။ဒီတော့ကျွန်တော်ဟာရေ
ငတ်တုန်းရေတွင်းထဲကျဆိုသလိုပဲ ဒီနေ့အိမ်ကနေထွက်လာရတာအရမ်းကိုတန်ဖိုးရှိသွားပါတယ်။blogger shyanmakalay ကို
လဲအရမ်းပဲကျေးဇူးတင်ပါတယ့်သူကတော့ကျွန်တော့်ကိုကောင်းကောင်းမှတ်မိမှာမဟုတ်ပါဘူးးးးးကျွန်တော်ကတော့ကောင်း
ကောင်းသိတာပေါ့ ကျွန်တော်ဘလော့ စရေးဖြစ်ခဲ့တာ အဖြူရောင်သံစဉ်မှာ DJ ဇာနည် ဆိုပြီးရပ်တည်ဖြစ်ခဲ့တာတွေဟာသူ့ကြောင့်
ပဲပေါ့ ။။။။။။အရင်ကကျွန်တော် shanmakalay.blogspot မှာပဲအချိန်တွေကုန်တတ်ခဲ့တယ့်အဖြူရောင်သံစဉ်ရေဒီယိုကို သူ့ရဲ့ဘ
လော့ကလေးထဲမှာကျွန်တော်စသိခဲ့ရတာ့နောက်ပြီးနောက်ပြီးးးးးကျွန်တော့်ရဲ့ zopia.com ကအလှအပအဆင်တန်ဆာလေး
တွေ ပြီးတော့gtalk ကနေအပူကပ်ပြီးအမြတမ်း zopiaကိုအလှဆင်ခိုင်းခဲ့တာတွေလေ့အဟတ်ဟတ့့်အစုံအစုံပါပဲဗျာ
သူ့ဘလော့လေးကိုသာကျွန်တော်မသိခဲ့ရင် ကျွန်တော်ဟာbloggerတစ်ယောက်လဲဖြစ်လာမှာမဟုတ်တော့သလို APYTZ ရဲ့
DJဇာနည်ဆိုတာလဲဖြစ်လာစရာအကြောင်းမရှိတော့ပါဘူး။ထပ်ပြီးတော့ကျေးဇူးတင်စရာကောင်းတာကအခုကျွန်တော်လားရှိုး
ကနေပြီးဒီpostလေးကိုပထမဦးဆုံးတင်ဖြစ်သွားအောင်ပြီးတော့postတင်နည်းလေးကိုပါသင်ကြားပေးလိုက်တဲ့အတွက်ပေါ့။။။။
ကျွန်တော်ကသာကြိတ်ပြီးကျေးဇူးတင်နေတာ အဲ့ဒီ အမ ကတော့ကျွန်တော့်ကိုမှတ်တောင်မှတ်မိရဲ့လားမသိဝူး့းအင်းလေး
ဘယ်မှတ်မိပါ့မလဲ့ကြာလဲကြာပီကိုးးးးးကျွန်တော်ကသာကိုယ့်ကျေးဇူးရှင်အနေနဲ့မှတ်ထားလို့အမြဲသတိရနေတာလေ့
ထားပါဗျာ့အဲ့ဒီအမ သာဒီpostလေးကိုဖတ်မိသွားမယ်ဆိုရင် ကျွန်တော့်ကိုမှတ်မိကောင်းမှတ်မိလာနိင်ပါလိမ့်မယ့်
ဖြစ်ချင်တော့ အဲ့ဒီ shanmakalay ရဲ့ gtalk nick name ကလဲပြောင်းသွားတာကိုးးးးးးးးး

ထားပါကျွန်တော်အရမ်းကျေးဇူးတင်တဲ့သူတစ်ဦးကိုကျွန်တော်အပြင်မှာတွေ့နေရတဲ့အတွက်အရမ်းပဲကျေနပ်မိပါတယ့်
အရမ်းပဲကျေးဇူးတင်ပါတယ့်ကျေးဇူးအကြီးကြီးတင်ပါတယ်ဆိုတာကိုကျွန်တော်အပြင်မှာမပြောပြရဲတဲ့အတွက်ဒီpost
လေးကနေတဆင့်ပဲပြောလိုက်ပါရစေ့အရာအားလုံးအတွက်ကျေးဇူးပါ့

သို့

လမင်းလေး၁၉၈၁

Links to this post
0
Posted by ဖြိုးဇာနည် on Thursday, November 26, 2009

Links to this post
0

သယ်ရင်းရဲ့ PC ကိုမြန်ချင်ပါသလား???????

Posted by ဖြိုးဇာနည် on Wednesday, August 19, 2009 in
Windows သုံးရတာ နှေးတဲ့ ပြသနာက တော်တော်များ ရင်ဆိုင်ကြရပါတယ်....

ကျွန်တော် လက်ရှိဆက်တင်လုပ်ပြီးသုံးနေတဲ့ "Windows ရဲ့ Performance ကိုမြှင့်သုံးတဲ့ နည်း" လေး ပြောပြပါ့မယ်..

အဆင်ပြေမယ်ဆိုရင် သုံးကြည့်ပါ....

(၁) Windows မှာ သိပ်မလိုအပ်တဲ့ လှုပ်ရှားမှုတွေ လျှော့ချပါ....

Start-> Control Panel -> ထဲမှ System ကိုဖွင့်ပါ၊

System Properties -> Advanced Tag-> Performance ရဲ့ Setting ထဲကိုဝင်ပါ၊

Performance options--> Visual Effets --> Customs ကိုရွေး ပြီး


အောက်ဆုံး Effects (၃) ခု ကိုပဲ အမှတ်ခြစ်ပြီး ကျန်တာတွေကို Blank ထားပါ။


ပြီးရင် Apply --> OK နှိပ်ပါ။


(၂) Paging Files တွေ အတွက် Virtual Memory ကိုမြှင့်သုံးဖို့ 
အထက်ပါအဆင့်အတိုင်းပြန်သွားပြီး Performance Options-->Advanced ထဲကိုဝင်ပါ၊


အကန့် သုံးခုရဲ့ အောက်ဆုံးအကန့် Virtual Memory မှာ Change ကိုနှိပ်ပါ၊


Virtual Memory ထဲမှာ လက်ရှိ ၀င်းဒိုး တင်သုံးထားတဲ့ ဟာ(ဒ်)ဒစ် ကိုရွေးပြီးဖြစ်နေမယ်၊


Space Available နှင့် အောက်ဆုံးမှာ ဖော်ပြထားတဲ့ Recommended ပမာဏ အတိုင်း


Initial Size(MB) နှင့် Maximum Size (MB) နေရာတွေမှာ ပြောင်းထည့်ပါ၊


ပြီးရင် Set--> OK ကိုနှိပ်ပြီးပြန်ထွက်ပါ။



(၃) Windows အတက်မြန်ဖို့  မလိုအပ်တဲ့ Services တွေနဲ့  Start Up ပရိုဂရမ်တွေကိုကိုဖြုတ်ချထားဖို့ .

Start-->Run ဘောက်(စ်) ထဲမှာ msconfig လို့ ရိုက်ပြီး Enter ခေါက်ပါ၊


(က)System Configuration Utility ရဲ့ Services ကို ၀င်ပြီး အရင်ဆုံး Hide All Microsoft Services

ကိုအမှတ်ခြစ်ပါ၊(Windows ဟာ Microsoft Services တွေနဲ့တိုက်ရိုက်ပက်သက်နေလို့မှားမဖြုတ်မိအောင်) ပြီးရင် အထဲမှာ မလိုအပ်ဘူး ထင်တဲ့ Services တွေကို Blank(uncheck)လုပ်ပါ၊


(ခ) System Configuration Utility ရဲ့ Startup ကို ၀င်ပြီး စက်စဖွင့်ဖွင့် ခြင်းရှိသမျှ Run နေတဲ့ Program
တွေကို Blank (uncheck) လုပ်ပါ၊ (windows တက်ပြီးရင်မှ အသုံးလိုမှ ဖွင့်သုံးတာ ကောင်းပါတယ်)။


(ဥပမာ- skype, Gtalk တို့ လို ပရိုဂရမ်တွေ သုံးချင်တဲ့အချိန်မှ ဖွင့် သုံးတာကောင်းပါတယ်။
နောက်တစ်ခု ကောင်းတာက ဘာမှန်ညာမှန် မသိဘဲ စက်ဖွင့်တာနဲ့  လှုပ်ရှားသောင်းကျန်တဲ့ Spyware
တွေ Trojans တွေ ကာကွယ်ပြီးသား ဖြစ်သလို ဘယ်လိုမှ Uninstall (ဖြုတ်ချလို့ ) မရတဲ့ Spyware
programs
တွေ ကိုချုပ်ထားပြီးသား ဖြစ်တယ်။ပြီး မှ programs files ထဲ ကနေ Folder တစ်ခုလုံး Delete
လုပ်လို့ ရတာ)၊


အားလုံးပြီးရင် Apply--> Ok နှိပ်ပြီး Restart လုပ်ပါ။
Windows ပြန်တက်လာလို့  Message ပေါ်လာရင် Don't Show Me Again လုပ်ပြီး OK နှိပ်ပါ။

(၄) ပြန့် ကြဲနေတဲ့ ဖိုင်အပိုင်းအစ တွေကိုပြန်စုစည်ဖို့  Disk Defragment လုပ်ပါ၊


My Computer ကို Right Click နှိပ်ပြီး-->Manage ထဲကိုဝင်ပါ၊


Storage-->Disk Defragment ကိုနှိပ်ပြီး ညာဘက်ခြမ်းထဲက HDD တွေကို တစ်ခုခြင်း


ရွေးပြီး အောက် မှ Analyze အရင်လုပ် ပြီး Disk Defragment လုပ်ပါ၊

(၅) Internet ကိုအသုံးပြုတဲ့ Computer Userတွေ Internet Explorer, Firefox စတဲ့ Web Browser တွေရဲ့
Temporary Files တွေကိုရှင်းဖို့ မေ့နေတတ်ကြတယ်။


Internet Explorer ကိုရှင်းဖို့ 


Start-->Control Pannel--> Internet Options ကိုသွားပါ၊


General ထဲမှ Temporary Internet Files မှ Delete Cookies Delete, Delete Files လုပ်ပါ၊

ပြီးရင်ဘေးက Setting ထဲကိုဝင်ပြီး Amount of Disk space to use ကို 25 MB လောက်ပဲထားပါ၊


OK နှိပ်ပြီး Internet Options ရဲ့ နောက်ဆုံး Tag ဖြစ်တဲ့ Advanced ကိုသွားပါ၊ Steeings အောက်ထဲက
Security နေရာ မှာ Empety Temporary Internet Files Folder when Internet Browser is closed ကို
ရှာပြီး အမှတ်ခြစ်ပါ။(Internet Browser ကိုပိတ်ပြီးတာနဲ့  Temporary Files တွေကိုဖျက်ပြီးဖြစ်အောင်လို့ ပါ)
ပြီးရင် Apply--> OK နှိပ်ပါ။


Firefox အတွက် ကတော့ Tools ရဲ့ အောက်မှ Clear Private Data လုပ်ရင် ရပါပြီ။

အဲဒီ အချက် (၅) ချက်လောက် လုပ်ရင် စက်ရဲ့  Performance ဟာ အလွန်ကောင်းတဲ့အနေအထား ဖြစ်သွားပြီး သုံးရတာ မြန်ဆန်သွက်လက်နေပါမယ်။

ကျွန်တော် ပြောပြတဲ့ အချက်တွေထဲမှာ အမှားအယွင်း ရှိရင် ထောက်ပြဝေဖန်ပေးပါ ခင်ဗျာ.....

စာကြွင့်းအမည်မသိတစ်စုံတစ်ယောက်ရဲ့ကူညီမှုနဲ့တင်ဖြစ်သွားတာပါ့


ကြိုးစားပါအုံးမည့်ဖြိုးဇာနည့်နေ့လည် ၂း၃၀တိတိ

Links to this post
0

ကဗျာမဟုတ်သော ကဗျာ

Posted by ဖြိုးဇာနည် on Tuesday, August 18, 2009 in
2009 ခုနှစ်ရဲ့တစ်ညသောအချိန်မှာ့



အနိုင်ကျင့်ခံလိုက်ရတဲ့ ကောင်ကလေးတစ်ယောက်ရဲ့နှလုံးသားဟာ??????


ပေါက်နေတဲ့ ပလစ်စတစ်အိပ်ထဲမှာ
အချစ်တွေကိုသိမ်းဆည်းခဲ့မိတယ်
တစ်စတစ်စနဲ့လုံးပါးပါးခဲ့တဲ့ငါ့အချစ်တွေ
တစ်နေ့ငါပြန်စစ်ကြည့်မိတဲ့အခါမှာ
ဇကာပေါက်နေတဲ့နှလုံးသားတစ်စုံနဲ့
ထက်ပိုင်းကျိုးနေတဲ့ရင်ခုန်သံတွေကို
ပြန်ရလိုက်တယ့်ဒီတော့ငါ့
နောက်တစ်ခါထပ်မသိမ်းဆည်းမိအောင်
အချစ်ကိုဘယ်တော့မှမသိမ်းတော့ပဲ
တွေ့သမျှချစ်တတ်အောင်ကြိုးစားတော့မယ်လို့
ဒါပေမဲ့
၅၂၈နဲ့သဘာဝအလှတွေကိုပဲချစ်နိုင်သူ
ဖြစ်ပါရစေသားးးးးးးးးးးးးးးးးးးးးးးးးးးးးး


သင်ခန်းစာ့တွေပေးခဲ့သောတစ်ယောက်သောသူ၏ကူညီမှုဖြင့်

ရေးဖွဲ့ဖြစ်ခဲ့တာမို့ကဗျာမဟုတ်သော ကဗျာလေးဖြစ်သွားတာပါ့


ဖြိုးဇာနည့်ည့၁း၃၀တိတိ

Links to this post
0

၁၄၉၉ မေတ္တာတွေနဲ့ တစ်ချိန်က "ကို"

Posted by ဖြိုးဇာနည် on Monday, August 17, 2009 in
၁၄၉၉ မေတ္တာတွေနဲ့ တစ်ချိန်က "ကို"

၁၅၀၀ အချစ်တွေကို တစ်လျှော့ချပစ်လိုက်ရတဲ့ ဘဝရာဇဝင်လေးတစ်ခုပေါ့

တစ်ရက်တစ်ရက်ဘာလိုလိုနဲ့ပဲအချိန်တွေကုန်လာခဲ့တာဒီနေ့ဆိုရင်သူနဲ့ဝေးသွားခဲ့တာဟာ၆၂၁ရက်တိ
တိတောင်ရှိပါပေါ့လာ့းမျှော်နေရတဲ့အချိန်တွေကိုဘာနဲ့မှတားစီးထားလို့မရနိုင်အောင်ပါပဲ့နင့်နာမည်
ကိုငါတမ်းတမိတိုင်းနင့်ပုံရိပ်လေးကိုမြင်ယောင်မိတိုင်း နင့်အသံလေးကိုငါကြားယောင်မိတိုင်း နင့်ကိုငါ
အရမ်းသတိရတယ် အရမ်းလွမ်းတယ်ဟာ့တကယ်တော့အလွမ်းဆိုတာဟာ ပူလောင်လွန်းလှပါလား
တစ်ရက်လောက်မှမေ့လိုမရသေးတဲ့ငါ့ကိုယ်ငါလဲမုန်းလာပြီ။အပေးအယူမျှမျှတတရှိကြတဲ့ငါတို့ချစ်သူနှစ်
ယောက်မှာ မမျှတတဲ့ကံတရားရဲ့တိုက်ခိုက်မှုကြောင့် ဝေးခဲ့ကြရတယ်ဆိုတာကိုတွေးမိတိုင်း ငါအခုထိfeel
ဖြစ်နေတုန်းပဲ့

အဟတ်ဟတ့်ရယ်ရတယ် ဒေး ရာ့အချစ်ဆိုတဲ့သံယောဇဉ်ကိုမြဲလာအောင်လုပ်ယူ ခဲ့ကြတဲ့ငါတို့နှစ်
ယောက်လုံးဟာ ကံတရားကြောင့်ဝေးသွားခဲ့ကြရင်ဆိုတာကိုဘာလို့များမတွေးမိကြတာပါလိမ့့်ဖုန်းတွေ
ဆက်ချက်တင်တွေထိုင်ပြီးကြည်နူးခဲ့ကြတဲ့နာရီတွေကိုငါအခုအရမ်းနှမြောမိတယ်ဟာ့အဲ့ဒီအချိန်တုန်းက
သာငါတို့နှစ်ယောက်နီးသထက်နီးအောင်ကြိုးစားခဲ့ကြမယ်ဆိုရင်ဒါမှမဟုတ်သံယောဇဉ်တွေကိုကံတရားထက်
အားကြီးအောင်ကြိုးစားခဲ့ကြမယ်ဆိုရင်ပေါ့အခုတော့ငါနောင်တတွေနဲ့ပဲတွေးနေမိတယ်ဟာ့ကလေးဆန်
တယ်ပဲပြောပြောငါ့အချစ်ကတော့ရင့်ကျက်နေပါတယ်ကလေးချင်ကလေးစမ်းပါစေ့ငါတို့ဒီလိုသာဝေးကြရ
မယ်ဆိုတာသာကြိုသိခဲ့ရင် နင့်ကိုငါခိုးပြေးခဲ့တယ်သိလား ဒေ့း့နင်ရောအခုငါ့လိုပဲတွေးနေမလား?????????
ငါတွေးကြည့်မိတယ့်သူများတွေလိုနိုင်ငံခြားသွားလိုက်ရလို့ဝေးသွားတာလောက်ပဲဆိုရင်ငါဟားတိုက်ရယ်မိ
အုံးမှာဟ့အခုတော့ ငါ့မှာရယ်ဖို့မပြောနဲ့ဟန်ဆောင်အပြုံးတွေကိုတောင် အံကြိတ်ပြီးပြုံးနေရတယ်ဟာ့
အေးပါဟာ့ဘာပဲဖြစ်ဖြစ်နင်သေသွားတာမှမဟုတ်တာ့
လူမဆန်တဲ့နင့်ကိုစော်ကားသွားတဲ့ကောင်နဲ့လုံးဝ
မထိုက်တန်တဲ့နင့်ရဲ့အိမ်ဦးနတ်ဆိုတဲ့ အရိပ်အောက်မှာနင်တို့သားအမိနှစ်ယောက်ပျော်ရွှင်နိုင်ကြပါစေလို့

နင့်ကိုငါသိပ်ချစ်လို့ငါပြောခဲ့တဲ့စကားလေးတစ်ခွန်းကိုအခုအချိန်မှာနင်အဓိပ္ပာယ်ကောက်တတ်ပြီလို့ငါထင်ပါ
တယ် ဒေး ရယ့်

“ဒေး” ငါ့နင့်ကိုသိပ်ချစ်တယ့်အရမ်းချစ်တယ့်ဒါပေမဲ့ငါဟာလှည်းကျိုးထမ်းမဲ့ကောင်တော့မဟုတ်ဖူးဒေ့း
ငါ့ရဲ့အိမ်ထောင်ဦးစီး ၊ အိမ်ဦးနတ်ဆိုတဲ့အရိပ်အောက်မှာခိုလှုံခွင့်ပေးမဲ့အမျိုးသမီးမျိုးဟာ ဖြူစင်သန့်ရှင်းတဲ့အမျိုး
ကောင်းသမီးမျိုးပဲထိုက်တန်တယ်လို့ငါယူဆထားလို့ပါ့ငါ့ကိုခွင့်လွှတ်ပါဒေးရယ့်

နင့်ကိုသိပ်ချစ်တဲ့ “ကို”

ခံစားချက်အတုတွေနဲ့လက်ကနေခံစားနေရတဲ့
ဖြိုးဇာနည့်ည့၁၁း၂၀တိတိ


Links to this post
0

ရင်ထဲက မိုး

Posted by ဖြိုးဇာနည် on Saturday, August 15, 2009 in
တစ်ခါက....
လူတစ်ယောက်ဟာ ချောက်ထဲကျတော့မဲ့ မြည်းတစ်ကောင်ရဲ့အမြီးကို ဆွဲပြီးချောက်နှုတ်ခမ်းပေါ်
ကိုဆွဲတင်ဖို့ ကြိုးစားနေသတဲ့..။ ဒါပေမဲ့...မြည်းကလည်း ကြောက်လန့်တကြားရုန်းကန်နေတော့
သူပါ ချောက်ထဲကျမလိုဖြစ်နေတာကြောင့် ဆွဲမတင်ဖြစ်တော့ပဲနောက်ဆုံးမှာ လွတ်ချလိုက်ရသတဲ့.....။

“ တကယ်တော့ တစ်စိတ်တစ်ပိုင်းကိုရတယ်ဆိုတာ တစ်ခုလုံးကို ရတာ မဟုတ်ဘူး...လေ ။ ”

-------------------------------------------------------------------------------------------------------------
ရင်ထဲက မိုး

ကောင်းကင်ကြီးက မှုန်မှိုင်းနေလိုက်တာ။ လ၀န်းသော်တာနဲ့ သူ့ကို ၀န်းရံခစားနေတဲ့ ကြယ်လေးတွေလည်း မိုးသားတွေကြောင့် ကွယ်ပျောက်နေရရှာ။ ဒီအချိန်လေးမှာပဲ ကောင်လေးတစ်ယောက် မှိန်ပြပြ မာကျူရီမီးလုံးအောက်က ပေတစ်ရာလမ်းပေါ် ခေါင်းငိုက်စိုက်ကျလို့ လျှောက်လှမ်းနေလေရဲ့။ ဒါဆိုရင်တော့ သူ့ ရင်ထဲမှာ ဘာခံစားချက်တွေများ ရှိနေပါလိမ့်။ အင်း........... သူ့ခံစားချက်တွေကို မိုးနတ်ဒေ၀ါက သိသွားလို့နဲ့ တူပါရဲ့ နှင်းမိုးလေးတွေ တဖွဲဖွဲ ရွာချပေးလိုက်တယ်။ သူ့လက်ထဲမှာလည်း
လက်ကိုင်ပုဝါလေးတစ်ထည်နဲ့ မိုးရေထိလို့ မင်တွေ ပြန့်နေတဲ့ စာခေါက်လေးတစ်ခု။ ပြီးတော့......... မိုးက အငြိုးတကြီးရွာလာ
သလို ကောင်လေးလည်း မိုးနဲ့အပြိုင် ရှိုက်ကြီးတငင် ငိုချလိုက်တော့တယ်။ နှုတ်ကလည်း " ရင်ထဲက မိုး၊ ရင်ထဲက မိုး " ရယ်
ဆိုပြီး ရေရွတ်နေလိုက်တာ။ ဒါဆိုရင်တော့ သူ အသည်းကွဲနေတာပဲ ဖြစ်ရမယ်။

ဟုတ်ပါတယ်ဗျာ၊ ကျွန်တော့် အသည်းကွဲနေတာပါ။ ကျွန်တော့်နာမည်က " မာန်"။ ကျွန်တော်ချစ်တဲ့ ကောင်မလေးနာမည်က " မိုး "။ မျဉ်းပြိုင်နှစ်ကြောင်းလို မဆုံနိုင်တဲ့အဖြစ်က ဒီလို.......................

ကြည်လင်သာယာနေသော ကောင်းကင်ကြီးအောက်မှာ အပူအပင်ကင်းစွာ " မိုး " နဲ့ " မာန် "တို့ ပျော်ရွှင်စွာ ကစားနေကြတာပေါ့။
မိုး။ ။ ငါတို့ ဘာကစားနည်း ပြောင်းကစားရင် ကောင်းမလဲ။

မာန်ကလဲဟာ အိုးပုတ်၊ ချိုးရုပ်တမ်း ကစားရတာ ကောင်းရဲ့သားနဲ့။ ဘာလို့ ပြောင်းကစားချင်ရတာတုန်း။

အာ....... ဒါ မိန်းကလေးတွေ ကစားတဲ့နည်းဟ၊ ငါ မကစားချင်တော့ဘူး။

အောင်မယ်၊ နင်ကများ ကြီးကြီးကျယ်ကျယ် ဘာကစားနည်း ပြောင်းချင်ရပြန်တာလဲ။

ငါ ကုလားမစည်း နင်းချင်လို့ဟ။

မာန်ရယ်၊ စဉ်းစဉ်းစားစားလည်း ပြောပါဦး။ ဒါလည်း မိန်းကလေးပဲ ကစားရတဲ့ဟာကို။

အာ....... မသိဘူးဟာ၊ ငါ အဲ့ဒါပဲ ကစားချင်တယ်၊ ကစားမှာလား၊ မကစားဘူးလား၊ ပြော....... ။

အေး..... အလျှော့ပေးပါတယ်၊ မာန်ရယ်။ နင် စည်းဆွဲရင် ငါကစားမယ်။

ဒါဆို ငါက စည်းဆွဲရတော့၊ ငါ အရင် စကစားမယ်။ သဘောတူလား။

အေးပါ၊ ငြင်းရင် မကစားဘူးနော်။

အေးပါ၊ မငြင်းဘူး၊ ကတိပေးပါတယ်၊ မိုးရယ်။

ပျော်ပျော်ရွှင်ရွှင် ကစားရင်း မောလာတော့..................

တော်ပြီ မာန်၊ ခုန်ရတာ မောနေပြီ၊ မကစားတော့ဘူး။

အေး..... ဟိုနားက မြက်ခင်းပြင်ကြီးပေါ် သွား အမောဖြေကြတာပေါ့ဟာ။

မြက်ခင်းပြင်ကြီးပေါ် ပစ်လှဲရင်း..............

မိုး၊ ကောင်းကင်ကြီးက အရမ်းလှတာပဲနော်။

အောင်မယ်၊ နင်ကများ အလှအပတွေ ခံစားနေတတ်လိုက်တာ၊ အခုမှ လူကောင်က လက်တောက်လောက်လေးရှိသေးတယ်။
ဒါပေမယ့် နင်ပြောသလိုပဲ ကောင်းကင်ကြီးက လှတယ်။

မိုး၊ နင်နဲ့အတူ ဒီကောင်းကင်ကြီးရဲ့အောက်မှာ ဒီလိုပဲ အမြဲတမ်း နေသွားချင်တယ်၊ နင်ရှိရင် ငါပျော်တယ်။

ငါလည်း နင်ရှိရင် ပျော်ပါတယ်၊ မာန်ရယ်။

ဒီလိုနဲ့ ပျော်ရွှင်စရာ ကလေးဘ၀ ဖြတ်သန်းရင်း ကျောင်းသွားအတူ၊ ကစားအတူ နေလာကြတာပေါ့။ မိုးက အတန်းထဲမှာ အမြဲ
အဆင့် ၁ ရသလို ကျွန်တော်က မိုးရဲ့နောက်က အဆင့် ၃၊ ၄၊ ၅ နဲ့ပဲ ၀ဲချာလည်လိုက်နေတယ်။ အဲ......... ၃ တန်း ကျောင်းသား
ဘ၀မှာ မှတ်မှတ်ရရ အဖြစ်အပျက်လေးရှိတယ်။ အတန်းထဲမှာ ယောက်ျားလေးနဲ့ မိန်းကလေး ခွဲထိုင်ရပေမယ့် ကျွန်တော်ရယ်
မိုးရယ် က နောက်ဆုံးတန်းလေးမှာ အတူတူ ထိုင်တာကို ဆရာမက ခွင့်ပြုတယ်။ ဒီလို စာအတူလုပ်၊ အတူကစား၊ အတူထိုင်
တာကို တချို့ နှစ်ကျ ကျောင်းသားတွေက ကြည့်မရဘူး။ တစ်နေ့မှာတော့...............................

မိုး၊ စာအုပ် သွားထပ်မလို့၊ နင့်စာအုပ်ပါပေး၊ ငါ ထပ်ပေးမယ်။

ရော့၊ သေချာထပ်ပေးနော်။

အေးပါဟာ။

ဆရာမဆီ သွားထပ်ပြီး အပြန်မှာ ကျော်ဦးဆိုတဲ့ကောင်က..............

ဟေ့ကောင် ကောင်မလေးနား အမြဲဘူးနေတဲ့ ၂၄ နာရီ နှာဘူး။

ဒေါသတွေ ထွက်လိုက်တာဗျာ။ အသားတွေတောင်တုန်တယ်။ လက်တွေကလည်း ဒေါသနဲ့အတူ ကျော်ဦး မျက်နှာပေါ် ဗြောင်း
ခနဲ ရိုက်ပြီးသားဖြစ်သွားတယ်။ ကျွန်တော့်ကို တစ်တန်းလုံးက ၀ိုင်းကြည့်နေကြတယ်။ ဘာကြောင့်မှန်းမသိ ကျွန်တော် မျက်
ရည်ဝဲလာမိတယ်။

ဒီမှာပဲ...............

ဆရာမ ။ ။ မာန်နဲ့ ကျော်ဦး၊ လာဦး၊ ဘာဖြစ်ကြတာလဲ။

ကျော်ဦး ။ ။ သူ..... သူ ကျွန်တော့်ကို ရိုက်တယ်၊ ဆရာမ။

မာန် ။ ။ သူ ကျွန်တော့်ကို ၂၄နာရီ နှာဘူးလို့ ပြောလို့ ဆရာမ။

ဆရာမ ။ ။ ဒါဆို နှစ်ယောက်စလုံး မှားတယ်။ ကဲ......... ကျော်ဦး သားက သူများ မကြိုက်တာကို သွားစတဲ့အတွက် နှစ်ချက်
ရိုက်မယ်။ နောက်.. သူများ မကြိုက်တာ မစရဘူးနော်။ နောက်တစ်ခါ ဒီ့ထက် နာမယ်။ ကြားလား။

မာန်... သားက ဘာလို့ လက်တုန့်ပြန်ရတာလဲ။ ဒါကြောင့် တစ်ချက်ရိုက်မယ်။ နောက်တစ်ခါ ဒီလို မလုပ်ရဘူးနော်။ ဆရာမ
ကို လာတိုင်၊ ဟုတ်ပြီလား။

မာန် ။ ။ သား.... သား စိတ်မထိန်းနိုင်လို့ ဖြစ်သွားတာပါ ဆရာမ။

မိုး နားမှာ ပြန်ထိုင်တော့..................

မာန် နင်က ရိုက်ပြီး ငိုနေသေးတယ်။ ဘာဖြစ်လို့လဲ။

မပြောတတ်ဘူးဟာ၊ ငါ တော်တော်ဒေါသ ထွက်သွားတယ်။ ငါ့ လက်ကို ကိုင်ကြည့်ပါလား။

အေးဟ၊ တုန်နေတာပဲ၊ နင်က စိတ်ဆိုးမယ် ကြံရင် ဒေါသကို ရှေ့က ထားတာကိုးဟ.... ခစ်.. ခစ်ခစ် ။

မိမိုးမ နင်က ရယ်တယ်၊ ဟုတ်လား။ ငါ့ ဒေါသတွေ နင့်ဆီ ရောက်ကုန်မယ်နော်၊ ဟွန်း.............

အောင်မလေး၊ မလုပ်ပါနဲ့ ကိုဒေါမာန်ထကြီးရယ်၊ ငါက နင့်ကို ချစ်လို့ စတာပါဟ။

ဘာ............ ချစ်လို့.......... ဟုတ်လား။


ပျော်ရွှင်စွာနေ့ရက်တွေကို ဖြတ်သန်းရင်း လေးတန်းအောင်စာရင်းထွက်တဲ့နေ့ ကျွန်တော်နဲ့ မိုး ကျောင်းမှာ ဆုံမိကြတယ်။

မာန် နင်လည်း အောင်တယ်။ နင်နဲ့ ငါ ကျောင်းခွဲတမ်းတူမှာဟ။

ငါ့ကို ငါ့အစ်ကိုတွေ တက်တဲ့ကျောင်းမှာ တက်ရမယ်တဲ့။ ငါတော့ နင်နဲ့ မခွဲပဲ ကျောင်းအတူတူ တက်ချင်သေးတယ်ဟာ။

ဒါဆို နင်နဲ့ငါ ခွဲရတော့မှာပေါ့။ ဒါဆို နင် ငါ့ကို သတိရရင်ကြည့်လို့ရအောင် ငါ့ လက်ကိုင်ပုဝါလေး ပေးလိုက်မယ်။

ငါလည်း နင့်ကို ဖောင်တိန်ပန်လေး ပြန်ပေးလိုက်မယ်ဟာ။ ငါ့ကို သတိရရင် ထုတ်ကြည့်ပေါ့။

အမှတ်တရပစ္စည်း ကိုယ်စီ လဲပြီးနောက် ခွဲခွာသွားလိုက်ကြတာ တစ်ခါ နှစ်ခါသာ ဆုံဖြစ်ကြတော့တယ်။
ကျွန်တော်လည်း ကျွန်တော့်ကျောင်းမှာ သူငယ်ချင်းသစ်တွေနဲ့ နေသားတကျ ဖြစ်သလို မိုးလည်း သူ့သူငယ်ချင်းသစ်
တွေနဲ့ နေသားတကျ ဖြစ်လိမ့်မယ်လို့ ထင်နေမိတယ်။ မိုးတွေ ရွာတိုင်း မိုးကို သတိရသလို မိုးရေထဲမှာ လမ်းလျှောက်
ရတာကို သဘောကျနေမိတယ်။

ရွက်ဟောင်းတွေ အခါခါကြွေသလို ရွက်သစ်တွေလည်း အခါခါ ဝေကြပြီး နွေ၊ မိုး၊ ဆောင်းရာသီတွေ အလီလီ ပြောင်း
လာလိုက်တာ ကျွန်တော် ဆယ်တန်း စာမေးပွဲကြီးကို နှစ်ချင်းပေါက် အောင်မြင်ခဲ့တယ်။

ပေတေလွန်းတဲ့ ကျွန်တော် အမှတ်လည်း မကောင်းတဲ့အတွက် ဥပဒေမေဂျာနဲ့သာ တက္ကသိုလ် ဆက်တက်ဖြစ်သလို
ကျွန်တော့် ရင်ထဲက မိုးဟာလည်း GTC ( Civil ) ကို လားရှိုးမှာ တက်နေလေရဲ့။

အင်း.......... တက္ကသိုလ်မြေကြီးဟာ ကျောင်းသူကျောင်းသားတွေအတွက် ဘ၀ပန်းတိုင်ဖြစ်သလို အချစ်ပန်းတွေ ဖူးပွင့်တဲ့
နေရာလည်း ဖြစ်ပါတယ်။ သူများ သမီးရည်းစား အတွဲတွေ မြင်ပြီး ကျွန်တော့် ရင်ထဲက ငုံနေတဲ့ အချစ်ပန်းလေးတွေဟာ
လည်း ဖူးပွင့်လာပါတော့တယ်။ လှုပ်ရှားလာတဲ့ နှလုံးသားရဲ့အလိုအရ မိုးကို ကျွန်တော်ဖွင့်ပြောဖို့ ဆုံးဖြတ်လိုက်တယ်။
ခုချိန်လောက်ဆို မိုးရဲ့ နှလုံးသားမှာလည်း အချစ်ပန်းတွေ ဝေဆာနေမှာ ဧကန်မလွဲဘူး။

ကျွန်တော် မိုးကို နောက်ပိုးဖို့ ပြင်ဆင်မိတယ်။ ပထမဆုံး ကျွန်တော် သူ့ ကို သွားလေ့လာတဲ့အခါ လားရှိုးတက္ကသိုလ်နား
မှာ တစ်ပတ်ကို ငါးရက် အဆောင်နေ ကျောင်းတက်လုပ်ပြီး စနေ၊ တနင်္ဂနွေ ပြန်လာရင်လည်း အိမ်ထဲက အိမ်ပြင်မထွက်ဘူး။
ထွက်ပြန်ရင်လည်း သူ့အမေက အမြဲပါနေတော့ ဒုက္ခရောက်နေတာပေါ့။ လှုပ်ရှားဖို့ နည်းလမ်းတစ်ခုကတော့ ကျောင်းတက်ဖို့
အဆောင်ပြန်တဲ့အခါ လိုက်သွားဖို့ပဲ။ဒါနဲ့ ကျွန်တော်မိုးကို ပေးဖို့ ရည်းစားစာရေးဖြစ်တယ်။



ရင်ထဲက မိုး
မိုးတွေ ရွာတိုင်း မိုးကို သတိရတယ်။
မိုးဆိုတာ အေးမြခြင်း မဟုတ်လား။
ကိုယ့် ရင်ထဲမှာ အချစ်မီးတွေ တောက်လောင်နေတယ် မိုးရယ်။
မိုးရဲ့ အချစ်တွေနဲ့ ငြိမ်းသတ်ပေးမှသာ ကိုယ့်ရဲ့ အချစ်ဝေဒနာတွေ ပျောက်မှာပါ။
ကိုယ်လေ မိုးကို အရမ်း ချစ်တယ်။
အမှတ်တရ လက်ကိုင်ပုဝါလေးရဲ့
ပိုင်ရှင်

မာန်


အရမ်းရိုစင်းပြီး ထိရောက်မယ်လို့ ထင်တယ်။ အင်း........... မိုး တနင်္ဂနွေနေ့ အဆောင်ပြန်မှာပဲ။

တနင်္ဂနွေနေ့

မိုးထွက်အလာကို မိုးတို့ အိမ်နားက စောင့်နေမိတယ်။ မိုး အမေနဲ့ ထွက်လာပြီး ကားဂိတ်သွားတော့ ကျွန်တော်လည်း မိုးတို့ တက်တဲ့ ကားပေါ်ကို လိုက်တက်တယ်။ ဒီလိုနဲ့ ကားဂိတ်ရောက်ကိုလာတာပေါ့။ ဖြစ်ချင်တော့ ကျွန်တော့်သူငယ်ချင်း ရဲ့အကို ကိုမင်းမင်းနဲ့ တွေ့ရော။ ဘယ်သွားမလို့လဲ မေးတော့ ကွိုင်ပဲ ဘယ်လိုဖြေရမလဲ မသိဖြစ်နေချိန်မှာ မိုးကို သူလှမ်းမြင်သွားတယ်။ သူကလည်း မိုးနဲ့ တစ်လမ်းတည်း နေတဲ့သူ။ သူ ရိပ်မိသွားပြီးတော့

ဟား....... ဟား.........မင်း မိုး နောက် လိုက်လာတာ မဟုတ်လား။

ဟုတ်။

အေး...... ငါလည်း တက္ကသိုလ်ဖက်သွားမှာ၊ အတူတူ သွားကြတာပေါ့ကွာ။

ကျွန်တော် ပျော်လိုက်တာဗျာ။ အိတ်ကပ်ထဲက ရည်းစားစာကို စမ်းကြည့်တော့ ရင်တွေ ခုန်နေလိုက်တာ။

ကားဂိတ်ရောက်တော့ကျွန်တော်အရင်ဆင်းလိုက်တယ်။ ကျွန်တော့် ရင်တွေပိုခုန်လာတယ်ဗျ။ မိုးအောက်ကိုရောက်တော့
ထီးဖွင့်လိုက်ရော မိုးနဲ့ သက်တူရွယ်တူကောင်လေးတစ်ယောက်ကလာကိုင် ပေးတာကိုတွေ့ရတယ်။ ပြီးတော့ ထီးအတူတ
ူဆောင်းပြီးသွားတာကို တွေ့လိုက်ရော ကျွန်တော် ဘယ်လိုလုပ်ရမလဲ။ ကျွန်တော့် ပျော်နေတဲ့ စိတ်တွေဟာ ရေပွက်တွေလို
ခုမြင်ခုပျောက် ဖြစ်ကုန်တယ်။

ဒါနဲ့ အပြန်လမ်းမှာ အချစ်ဆိုတာ ဘာလဲ ဆိုပြီး စဉ်းစားရင်း ခေါင်းတွေတောင် မူးနောက်လာတယ်။ အရေးအကြောင်း ဒိန်းဒေါင်းဖျက်သလို လမ်းမှာ ကားက ပျက်နေသေးလေရဲ့။

ဟင်.......... မိုးရိပ် မိုးသားတွေ တက်လာပါလား။ သတိရလိုက်တာ မိုးရယ်။

အို........... နှင်းမိုးလေးတွေပါ ကျလာပါလား။ ပိုပြီးတော့ ခံစားရလာပြီဗျာ။

မိုးက ပိုသည်းလာတယ်။ မိုးက ကျွန်တော့်ကို လှောင်ရယ်နေတာလားလို့တောင် တွေးမိတယ်ဗျာ။

ကျွန်တော် စိတ်မထိန်းနိုင်တော့ဘူး။ လက်ကိုင်ပုဝါလေးနဲ့ စာကို လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိတယ်။

မျက်ရည်တွေဟာ မိုးနဲ့အတူ စီးကျကုန်ပြီး ချစ်သ၀ဏ်လွှာလေးဟာလည်း မင်တွေ ပြန့်ကုန်ပြီ။

မာကျူရီမီးလုံးများအောက်မှာ သည်းနေတဲ့ မိုးနဲ့အတူ ရှိုက်ကြီးတငင်ငို မိတယ်။

နှုတ်ကလည်း ရင်ထဲက မိုး၊ ရင်ထဲက မိုး ရယ်လို့ ရေရွတ်ရင်း

အချစ်ဆိုတာ

ရယူခြင်းလား။

ပေးဆပ်ခြင်းလား ဆိုတာ........... ချာချာလည်ရင်း.......................။


ဖြိုးဇာနည့်ည့၁၂း၅၀တိတိ

Links to this post
5

ဇာနည်ပြန်လာပီ

Posted by ဖြိုးဇာနည် on Wednesday, July 22, 2009 in
ခဲတံပျောက်သည့်နေ့

အပြင်မှာ မိုးတွေက တဖွဲဖွဲကျဆင်းနေသည်။ ကျောင်းသားများအားလုံးကား အတန်းရှေ့မှ ဟန်ပါပါသင်ကြားနေသော ရူပဗေဒဆရာ၏ အသံစူးစူးထံသို့သာ အာရုံစိုက်လျက်။ ထိုအခိုက်တွင် အရာအားလုံးဆိတ်သုန်းသွားသည်၊ ဆရာ၏မျက်လုံးသည်ကား အံ့သြစွာဖြင့် အတန်းအနောက်ဆုံးမှ ၀င်ပေါက်ဆီသို့…….. ကျောင်းသားများအားလုံးသည်လည်း မဆိုင်းမတွပင် တစ်နေရာတည်းသို့ လှည့်ကြည့်ကြကုန်၏။

မတ်တူးကားအဖြူတစ်စီးကား မောင်းထွက်သွားပြီ၊ မိန်းကလေးတစ်ယောက်သည်လည်း လက်ညိုးကလေးကိုထောင်လျက် တစ်လှမ်းခြင်းလျှောက်ဝင်လာ၏။ အရာအားလုံးသည်ကား ခေတ္တမျှ ရပ်ဆိုင်းကုန်၏။ ပြန်လည်အသက်ဝင်စေသည်ကား ဆရာ၏အသံတည်း……
(( လပ်နေတဲ့နေရာမှာ အဆင်ပြေသလိုထိုင်လိုက်ပါ ))

အားလုံးကတော့ ဆရာကိုမကြည့်တော့ပေ။ ထိုထို မိန်းကလေးဆီသို့သာ၊ အမှန်တကယ်ပင် ထိုကာလက မီနီဂျင်းစကတ်တိုဝတ်လျက်၊ စွပ်ကျယ်လက်ပြတ်ကို ဇာလွှာအင်္ကျီ ထပ်ထားသောမိန်းကလေး၏အလှတရားကား…….(( ခေတ်စကားဖြင့် အရမ်းလန်ထွက်နေတယ်))လို့ ပြောရုံပင်အားမရနိုင်ပါ။

သူမကား ကျွန်တော့် အရှေ့တန်းမှာဝင်ထိုင်လိုက်သည်၊
(( အား… ))

အလန့်တကြားထအော်မိသည်။

ကျွန်တော်၏ ခြေမကိုသူမ၏ဒေါတ်ဖိနပ်နှင့်တက်နင်းထားခြင်းဖြစ်သည်။

(( ဆောရီး)) ဆိုသည့်စကာကိုသာ အားမရစွာမြိုချခဲ့ရသည်.. စိတ်ထဲမှာတော့သိမ်မကြည်လှ။

အတန်းထဲက ယေက်ျားကလေးများစွာကတော့ ခိုးခိုးကြည့်လျက်။ သိမ်ချစ်စရာကောင်းသည်တဲ့…အဘယ်ကိုဆိုသည်နည်း။ ကိုယ့်ကိုကိုယ်တော့မေးမိသည် ဘာမှန်းတော့မသိ..ကျွန်တော်သိသည်ကား ဘယ်ရောက်နေမှန်းမသိသော ကျွန်တော်၏တစ်ခုတည်းသော ခဲတံလက်တစ်ဆစ်။ ဆရာကလည်းပုံလိုက်ဆွဲရန်ပြောနေပြီ..ဆွဲစရာခဲတံကားမရှိ။ ကျွန်တော်သည်ကားကျောင်းသွားလျင် ခဲတံတစ်ချောင်းနှင့် ဗလာစာအုပ်တစ်အုပ်ကိုသာယူသွားတက်သည်။ ခက်ချေပြီ။ ခဲတံက အပိုမရှိတော့။ ဟိုလှန်သည်လှန် စာအုပ်ကိုလှန်သည်..ဟိုငုံ့ သည်ငုံ့ ခုံအောက်သို့ငုံ့ကြည့်သည်..ဟိုရှာသည်ရှာ လုပ်သည်။ သူမက မျက်ထောင့်နီကြီးနှင့် လှည့်ကာ လှည့်ကာကြည့်သည်။ ကျွန်တော်သည်လည်း ရှက်ကိုးရှက်ကန်းဖြစ်နေပြီ သူမသည်လည်းအရှေ့မှ ဂနာမငြိမ်တော့။ သူမကား သင်္ကာမကင်းသည့်နှယ် ခိုးခိုးကြည့်နေသည်။ ကျွန်တော်သည်လည်း သဲသဲမဲမဲရှာနေဆဲ။ မိန်းမတစ်ယောက်၏ သင်္ကာမကင်းသောအကြည့်သည် ခွေးချေးပုံတက်နင်းမိသည်နှယ် နေရခက်ချေသည်။ ဆရာကလည်းလှမ်းပြီးကြည့်သည်။ ကျွန်တော် ဇောချွေးများပြန်နေပြီ ဆရာအထင်လွဲတော့မည်။ စာလိုက်ရေးသည်နှယ် ငြိမ်ငြိမ်ကလေးနေလိုက်သည်။ ရင်ထဲမှာတော့ ကလိကလိဖြစ်နေပြီ။

ဟော..တွေ့လေပြီ…ဒါမှတကယ့်ပြသနာ။ ကောက်မရ နှိုက်မရသည့်နေရာမှာ ဒင်းကရောက်နေပြီ။ အဆုံးခံလိုက်ရုံသာ ရှိခြေပြီ။ သို့မဟုတ်ပါက ပါးအစိတ်စိတ်ကွဲနိုင်သည်။ အတွင်းခံမပေါ်တပေါ် ရှိနေသော မိုးပြာရောင် ဂျင်စကတ်တိုနှင့် ခါးစပ်ဖွေးဖွေး အကြား နေရာလပ်သို့ ဒင်းက ဘယ်သို့ဘယ်ပုံနေရာယူထားသည်မသိတော့….။

ဘယ်လိုလုပ်ရပါ့။ ပုံလည်းလိုက်ဆွဲလို့မမှီတော့။ အငြိမ်မနေလျင် ဆရာကဆူတော့မည်။ ကျောင်းကလည်းလွှတ်တော့မည်။ ပြောလို့လည်းမရနိုင်။ တစ်နှစ်လုံးသုံး တစ်ချောင်းတည်းသောခဲတံ..နှမြောစွ။ ထိုတစ်နေ့က ကျွန်တော်မှတ်မှတ်ရရရှိခဲ့သည်။ မိန်းကလေးတစ်ယောက်၏ အကြည့်ခိုး။ ပြန်မရတော့ဟုယူဆလိုက်ရသည့် ခဲတံ။ မကူးလိုက်ရသော စာမေးပွဲမှာမေးလာမည့် ပုဒ်စာတစ်ပုဒ်။

ဖြိုးဇာနည့်ညနေ့၆း၀၅တိတိ

Links to this post

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.